BlogBlogs

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

်Facebook ကြောင်းသင့် ဘ၀ တိုးတက်နိုင်လား?

ဒါကတော့ ဘယ်လိုပြောရမလဲဆိုရင် သုံးတတ်ရင် ပတ္တမြား၊ မသုံးတတ်ရင် အလကား ဆိုတဲ့ အတိုင်းပါပဲ။ Facebook ကြောင့် ဘဝလည်း တိုးတက်သွားစေ နိုင်ပါတယ်။

အလွယ်ဆုံး ဥပမာ ပေးရမယ်ဆိုရင် လူစည်တဲ့ ဈေးထဲမှာ မျက်လှည့်လာပြ တဲ့ မျက်လှည့်သမား တစ်ယောက်လိုပါပဲ။ တစ်ယောက်က ကြည့်ရင်း ကြည့်ရင်းနဲ့ တဖြည်းဖြည်း လူတွေ
အုံလာတော့ လူသိများ သွားသလိုပေါ့။ Facebook ဆိုတာကလည်း ဒီလိုပါပဲ။ Social Media အဝန်းအဝိုင်း တစ်ခုကြီး ဖြစ်လို့နေပြီး တစ်ယောက်ယောက် က ပြုလုပ်ဖန်တီးတဲ့
ထူးခြားချက်လေးတွေကို စောင့်ကြည့်တဲ့ နေရာတစ်ခုလို ဖြစ်ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ အရာတစ်ခုခုကို ချပြနိုင်သူဟာ ဘယ်နယ်ပယ်ကမဆို အသီးသီး အောင်မြင်မှု ရနိုင်ပါတယ်။

နောက်တစ်နည်း ပြောရရင် အခမဲ့ ကြော်ငြာစရာနေရာကြီးတစ်ခု လို ဖြစ်နေပါတယ်။ ဒီတော့ Facebook ကို ကောင်းကောင်း အသုံးချ တတ်ရင် မိမိရဲ့  ဘဝပိုမိုတိုးတက်သွားစေနိုင်ပါတယ်။ ဒါက Pleasure အတွက် ရည်ရွယ်ပြီး သုံးနေတဲ့ Level ကိုကျော်လွန်သွားပါပြီ။ Opportunity ရှာဖွေတဲ့အဆင့်အထိ အသုံးပြုမှုပါ။ အရင်က ပြောနေကျ အတိုင်း ပဲ ပြောရမယ်ဆိုရင် Facebook Page ဖန်တီးမယ်။ စာတွေရေးမယ်၊ ပုံတွေတင်မယ်။ မိမိ ဖန်တီးချက် များ၊ Product များကို နည်းအမျိုးမျိုးနဲ့ လူသိအောင် Share မယ်၊ မျှဝေမယ် အစရှိသဖြင့် အလွယ်ကူဆုံး နည်းလမ်းနဲ့ကို အောင်မြင်လွယ်ပါတယ်။ ဒါကလည်း ကိုယ့်ဆီမှာ Product ကောင်းကောင်းတော့ ရှိဖို့လိုပါတယ်။

ဒီတော့ ယခုလို ရည်ရွယ်ထားသူဟာ Facebook User Level မှာတင် အမှတ်အမြင့်ဆုံး ရသူ ဖြစ်နေရ ပါမယ်။ အမှတ်အမြင့်ဆုံးဆိုလို့ စာမေးပွဲတွေလည်း မရှိပါဘူး။ Password
ဘယ်လိုပြောင်းတာလဲ အခြေခံအစ page တစ်ခု ဘယ်လိုတည်ဆောက်တယ်အထိ အသေးစိတ်အချက်အလက်များကို ကိုယ်က သေချာ လေ့လာ ထားမယ်။ ပြန်လည် အသုံးချမယ်။
ပြီးတော့ ကိုယ့်ဆီမှာ ရှိတဲ့ Product ကိုလည်း ချပြနိုင်ရင် Facebook Specialist တစ်ယောက်တောင် ဖြစ်လာနိုင်ပါတယ်။

တကယ်လိုအပ်ပါတယ်။ Facebook Specialist ဆိုတာလည်း အသက်မွေးဝမ်းကျောင်း တစ်ခုလို ဖြစ်လာနေ ပါတယ်။ ဒါက Facebook ကိုပဲမှီပြီး Opportunity ရှာမှီးမှုပါ။ အခြား
နည်းလမ်းအနေနဲ့ Facebook ကိုနွယ်ပြီး၊ မှီခိုပြီး စီးပွားရေး လုပ်ချင်သူများအနေနဲ့ Facebook ကောင်းကောင်း အသုံးပြုတတ်သူကို လိုအပ်နေပါတယ်။ ဒါကြောင့်ပဲ Social Media Manager, Web Based Communication Manager အစရှိသဖြင့်တို့ကို လစာ ကောင်းကောင်းနဲ့ ရှာဖွေခန့် ထားနေခြင်း ဖြစ်ပါတယ်။

ဒီတော့ Pleasure အတွက်တင်မဟုတ်တော့ပဲ Opportunity အထိပါ ရည်ရွယ်ထားတဲ့ သူဟာ Facebook ကို သာမန် လူတစ်ယောက် အသုံးပြုတတ်တတ်သလောက် တတ်နေလို့
မရတော့ပါဘူး။ သူ့ကို မှီပြီး Opportunity ရှာဖွေမယ်။ သို့မဟုတ် သူ့ကိုမှီပြီး မိမိရဲ့  Skill, Product တွေကို ချပြမယ် ယင်း အခြေခံ အကျဆုံး နည်းလမ်း ၂ ခုနဲ့ Faceboook မှာ
အောင်မြင်မှုတွေ ရှာဖွေနိုင်ပါတယ်။ ဒီတော့ Facebook ကိုအခြေခံပြီး ဘဝတိုးတက် နိုင်ပါကြောင်း တိုက်တွန်း သတင်းပေး လိုက်ရပါတယ်။

Mobile Network အကြောင်း

Phone Network တွေအကြောင်းပါ။ကျနော်တံမှာအသုံးပြုနေတဲ့ ဖုန်းအမျိုးအစားတွေကတော့ GSM | WCDMA | CDMA 800MHZ | CDMA 450 MHZ စတဲ့ဖုန်းတွေပဲဖြစ်ပါတယ်။ဖုန်းအမျိုးအစားတွေအကုန်လုံး အင်တာနက် (Data) အသုံးပြုနိုင်ပေမယ့် CDMA 450 MHZ မှာတော့ အသုံးမပြုနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ သူက လှိုင်းအလျား နိမ့်လို့ပါ။Mobile Phone Data စနစ်မှာ GPRS,EDGE နဲ့ 3G ယခုဆိုလျင်နိုင်ငံရပ်ခြားတွေမှာ 4G စနစ်ကိုတောင်အသုံးပြုနေပီဖြစ်ပါတယ်။


GPRS(General Packet Radio Service)
GPRS ဆိုတာကတော့ Packet-based ၀ါယာလက်စနစ်ကို အခြေခံထားပါတယ်။ကျနော်တိုအသိများတာကတော့ 2G Network လိုခေါ်ပါတယ်။အမှန်တကယ် 2G Network ဆိုလျင် Download Speed 144 Kbps လောက်ထိရနိုင်ပါတယ်။GPRS ကတော့ ကန်သက်ချက်တွေရှိပါတယ် ကျနော်တိုဖုန်းပြောနေရင်း Data စနစ်ကိုအသုံးမပြုနိုင်ပါဘူး။

EDGE(Enhanced Data GSM Evolution)
GPRS နဲ့ EDGE ဆိုတာ 2G နက်ဝက်နည်းပညာတစ်ထည်းပါပဲ။ဒါပေမယ် EDGE က GPRS ထက် Download Speed ပိုများပါတယ်။384Kbps နည်းပါးလောက်ရနိုင်ပါတယ်။တစ်ခါတစ်ရံမှာ EDGE ကို 2.5G Network လိုလည်းခေါ်ဆိုကြပါတယ်။

3G
3G နက်ဝက်ဆိုတာကတော့ Video Calling,MMS စတဲ့ လုပ်ဆောင်ချက်တွေအများကြီးအပိုပါလာပါတယ်။မြန်မာနိုင်ငံမှာတော့ ချပေးထားခြင်းမရှိပါဘူး။Download Speed ကတော့ အနည်းဆုံး 3.1Mbps အထိရနိုင်ပါတယ်

HSDPA(Hight-Speed-Down-link Packet Access)
HSDPA ဆိုတာကတော့ 3G နက်ဝက်အပေါ်အခြေခံထားပါတယ်။ရိုးရိုးသာမန် 3G နက်ဝက်ထက်ပိုမြန်ပါတယ်။Download Speed 14Mbps အထိရရှိနိုင်ပါတယ်။HSPDA ကိုတစ်ခါတစ်ရံမှာ 3.5G နက်ဝက်လိုလည်းခေါ်ကြပါတယ်။

HSPA+(Evolved High-Speed Packet Access)
HSPA+(Evolved High-Speed Packet Access)         ဆိုတာကလည်း 4G Nework နည်းပညာကိုအသုံးပြုထားပါတယ်။သူရဲ့ အမြင်ဆုံးရနိုင်တဲ့ Download Speed ကတော့ 168Mbps ပဲဖြစ်ပါတယ်။WCDMA ရဲ့အရှည်ကောက်ကတော့ "Wideband Code Division Multiple Access" လိုခေါ်ပါတယ်။

4G LTE(Long Term Evolution)
LTE ဆိုတာကတော့ 4G Network အပေါ်အခြေခံပြုလုပ်ထားသောစနစ်ဖြစ်ပါတယ်။HD ဇာတ်ကားတွေကိုအထစ်ငပေါ့မရှိကြည့်ရှုနိုင်ပါတယ်။သူရဲ့အမြင့်ဆုံး Download Speed ကတော့ 222.96Mbps ပဲဖြစ်ပါတယ်။

CDMA ဆိုတာ ဘာလဲ?

CDMA(Code Deivision Multiple Access) နည်းပညာကို ၁၉၉၃ တွင် စတင်သတ်မှတ်ခဲ့ပါတယ်။ CDMA နည်းပညာကို Qualcomm မှစတင်၍ Ericsson ကဆက်လက်ပြီး
နည်းပညာဆိုင်ရာ ပြုပြင်မှု အချို့ကိုပြုလုပ်ပါတယ်။ Code Division Multiple Access ကိုအသုံးပြုထား၍ Privacy ပိုကောင်းပြီး GPS စနစ်များမှာပါအသုံးပြုခဲ့ပါတယ်။
2G Network အတွက် CDMA One ခေါ် IS-95A ကို ဟောင်ကောင်တွင် စတင်အသုံးပြုခဲ့သည်။1999 ခုနှစ်တွင် CDMA IS-95B ကို ကိုရီးယားနိုင်ငံမှာစတင်အသုံးပြုခဲ့ပါတယ်။
ကိုရီးယားနိုင်ငံမှာ တွင်ကျယ်စွာသုံးစွဲလာပြီးနောက်မှာ ဂျပန်နှင့် ပီရူးနိုင်ငံများမှာလည်းဆက်လက်သုံးစွဲလာကြပါတယ်။ CDMA လိုင်းဆွဲအားသည်သာမန် Analog Cellular
ဖုန်း ကွန်ယက်ထက် ၈ ဆမှ ၁၀ ဆထိ ပိုကောင်းလာပြီး GSM System ထက်ဆိုရင် ၄ ဆမှ ၅ ဆ ထိပိုမိုကောင်းမွန်ကြောင်း သိရှိရပါတယ်။ CDMA 2G Network ကို
အသုံးပြုစဉ်မှာပဲ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူတွေဟာ ၆ နှစ်အတွင်းမှာ လူဦးရေသန်း ၁၀၀ အထိ ကျယ်ပြန့်စွာ အသုံးပြုလာကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။
ဆက်လက်၍ ၂၀၀၀ ခုနှစ် အောက်တိုဘာလမှစပြီး 3G ဆက်သွယ်ရေးကွန်ယက်အတွက် CDMA 2000 1X (3G) Standard ကို စအသုံးပြုလာပါတယ်။ 3G Network မှာ
ဆိုရင် ဆက်သွယ်မှုဆိုင်ရာ အသံသာမက သတင်းအချက်အလက် Data များကိုပါပေးပို့နိုင်သော EV-DO (Evolution Data Only) နှင့် EV-DV (Evolution Data/Voice)
စသော နည်းပညာများ ပါဝင်လာပါတယ်။ CDMA 2000 1X (3G) Standard တွင် 450 MHz, 800 MHz, 1800 MHz, 1900 MHz နှင့် 2100 MHz Frequency များကိုအသုံးပြုပြီး
ကွန်ယက်အသုံးပြုသူအရေအတွက် ပိုမိုများပြားတယ်။ ယခုအခါတွင် CDMA ကို၂၀၀၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အသုံးပြုသူ ၅၀၂ သန်းရှိပြီး CDMA 3G Network အသုံးပြုသူ
တစ်မျိုးထဲမှာပင် ၄၉၈ သန်းအထိရှိကြောင်း သိရှိရပါတယ်။

CDMA ၏ အဓိက အားသာချက်

CDMA ၏အားသာချက်တွေဟာဆိုရင် GSM ထက် လိုင်းဆွဲအားပိုမိုကောင်းမွန်ပြီး Analog System များမှာကဲ့သို့ FM Radio နှင့် ကြားဖြတ်နားထောင်နိုင်ခြင်းမရှိဘဲ Privacy
ပိုကောင်းပါတယ်။ CDMA ထုတ်လွတ်တဲ့ Frequency က အခြား Mobile ထုတ်လွတ်တဲ့ Frequency ထက်ပိုမို ထုတ်လွတ်နိုင်တဲ့အတွက် ဖမ်းယူရရှိတဲ့အခါ အသံကြည်လင်ပြီး
လိုင်းဆွဲအားလည်းကောင်းမွန်ပါတယ်။ CDMA 800 MHz ဟာဆိုရင် Station ကနေ ၄၈ ကီလိုမီတာထိ ဖမ်းယူရရှိနိုင်ပါတယ်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ တတိယဖွံ့ဖြိုးဆဲ
နိုင်ငံတွေမှာ ဆက်သွယ်ရေးကွန်ယက်တိုးချဲ့မှုတွင် CDMA ကို အဓိကအသုံးပြုကြတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံတွင် ၁၉၉၅ နှစ်ကုန်မှာ CDMA 800 MHz ကို Qualcomm
အထိုင်ဖုန်းများနဲ့ စတင်အသုံးပြုခဲ့ပါတယ်။ CDMA ဖုန်းနံပါတ် ၇၀၊ ၇၁၊ ၇၂၊ ၈၀ တို့နဲ့အစပြုတဲ့ ဖုန်းအများစုဖြစ်ပြီး RUIM Card အစားဖုန်းအတွင်း ESN Code ထည့်သွင်း၍
အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ CDMA 450 MHz စနစ်ကို ၂၀၀၈ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများမှာ စတင်အသုံးပြုခဲ့ပါတယ်။ ယခုအခါတွင် ကုန်းတွင်း
ပိုင်းဒေသတွေကိုပါ ကွန်ယက်ဆက်လက်တိုးချဲ့ပြီး သုံးစွဲသူများမှ အထိုင်ဖုန်းနှင့် Handsets ၂ မျိုးစလုံးဖြင့် ကျယ်ပြန့်စွာအသုံးပြုလာကြပါတယ်။

ဖုန်းတစ်လုံး ရေထဲကျ သောအခါ သိသင့်ထားသောအချက်များ

ဖုန်းတစ်လုံး ရေထဲ ကျရင် ပျက်တာ များပါတယ်။ အချို့ ကျတော့လည်း ဆိုင်ပြန်မပို့ရပဲ အလိုလို ပြန်ကောင်းသွားတယ်ဆိုပါတယ်။ သို့ပေမယ့် မိမိ သုံးနေတဲ့ ဖုန်းတစ်လုံးသာ
အကြောင်းအမျိုးမျိုးကြောင့် ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။

ပါဝင်မဖွင့်ရ
အဲ့ဒီအချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါ ဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲ ကျသွားပြီ ဆိုရင် ရေဘယ်လောက်ပဲ နှစ်နှစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲစိုစို ပါဝါလုံးဝမဖွင့်မိဖို့ အရေးကြီးပါတယ်။ဖြုတ်နိုင်သမျှဖြုတ်ဖုန်းရဲ့  ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ ကျတော့လည်း ဘက်ထရီနဲ့ ဖုန်းက တစ်ဆက်တည်းလို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက် ဖြစ်ပါ တယ်။ ဘက်ထရီတင်မကပဲ SIM ကဒ်ကိုလည်း ဖြုတ်ရ ပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာ မှန်သမျှ အကုန် ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်မယ့် နည်းက နေပူအောက်ထားခြင်း လုံးဝ မဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံး ထိခိုက်စေပါတယ်။ နေရဲ့  အပူဒဏ်ကို ဖုန်းမှာ ပါဝင်တဲ့ သတ္တုများက မခံနိုင်ပါဘူး ပိုလို့တောင် ပျက်ဆီးစေပါတယ်။ ဒါကြောင့်ရေငွေ့ အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာ ကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက် ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာ ပါပဲ။ နေပူထဲ လုံးဝ မထုတ်ပဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ- အဝတ်ခြောက်၊ လက်ကိုင်ပုဝါ ခြောက်နဲ့ ထိုင်သုပ် ပေးတာမျိုးတို့ ဖြစ်ပါတယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး ၂ နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာ အလိုက်၊ ရေငွေ့ပြန်နိုင် တဲ့ နှုန်းထားအလိုက် အချို့ ဆို ၂၄ နာရီကြာမှ ပြန်ဖွင့် ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့  ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။

အထက်ပါ ပြီးလို့ ဖုန်းရဲ့  ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ်ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါ ပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာ ပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာ ပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ touch အလုပ်မလုပ်တော့တာမျိုးတို့ဖြစ်တတ် လို့ ဖြစ်ပါတယ်။

ဘလော့ပိုင်ရှင်များ facebook like box ထည့်နည်း


မင်္ဂလာပါ...။
ပထမဦးဆုံး မိမိရဲ့ Facebook Account စာမျက်နှာကို ဖွင့်ပါ။

Address bar အတွင်းက မိမိစာမျက်နှာရဲ့ Link (အနီရောင်ပြထားသည်။)ကို Copy ကူးပီး
Notepad မှာဘဲဖြစ်ဖြစ် ထည့်ပြီးခဏထားလိုက်ပါ။
ပြီးရင် ဒီလင့်ကိုနှိပ်ပြီး (https://developers.facebook.com/docs/reference/plugins/like-box/) likebox စာမျက်နှာသို့ သွားပါ။

အနီရောင်ပြထားတဲ့ အကွက်ထဲမှာ ခုနက Notepad မှာကူးယူထားတဲ့
သင့် Facebook စာမျက်နှာရဲ့ Link ကိုထည့်ပေးလိုက်ပါ။

ကျန်တဲ့သူ့အောက်ကအကွက် တွေမှာ Box အရွယ်အစား နဲ့ Box နောက်ခံအရောင်ကို ရွေးပေးရမှာပါ၊
အဲဒါတွေကတော့ မိမိ Blog ရဲံ့ Background ပေါ်မူတည်ပြီး ကိုယ့်ဘာသာကိုယ်ရွေးချယ်ပါ။
အဲဒါတွေအားလုံးစိတ်ကြိုက်ရွေးချယ်ပြီးရင် အောက်မှာရှိတဲ့ Get Code အကွက်ကိုနှိပ်လိုက်ပါ။

နှိပ်ပြီးတာနဲ့ Box တစ်ခုပေါ်လာပါမယ်။

အဲဒီ Box ထဲက အကွက် (၁) နဲ့ (၂) ကုဒ်တွေ ကို ခုနကလိုဘဲ Notepad မှာ ခဏကူးထားပါ။
ပြီးရင် သင့်ရဲ့ Blogger Account page ကိုဖွင့်ပါ။

အနီရောင်ပြထားတဲ့နေရာကိုနှီပ်ပြီး ပေါ်လာတဲ့ Box ထဲက Template ကိုကလစ်ပါ။

Eddit HTML ကိုကလစ်ပါ။

နောက်ထပ် Box တစ်ခုပေါ်လာပါမယ်။

အရင်ဆုံး သင့်ရဲ့ Blog Template ကို Backup လုပ်ပါ။
ဘယ်လိုလုပ်ရမယ်မသိရင်တော့ သင့်ရဲ့ Blog Template Code တွေကို Copy ကူးပြီး
Notepad နဲ့သိမ်းလိုက်ပါ။ ပြီးရင်ပုံထဲကအတိုင်းလုပ်ပါ။

</body> ကိုရှာပါ (Ctrl+F) ကိုနှိပ်ပြီးရှာရင်ပိုမြန်ပါတယ်။

တွေ့ရင် သူ့ရဲ့အပေါ်မှာ ခုနကကူးထားတဲ့ နံပါတ် (၁) အကွက်ထဲကကုဒ်ကိုထည့်ပြီး

(Save Template) ကိုနှိပ်ပြီးခဏစောင့်ပါ။


သူ Save ပြီးလို့ Erro မဖြစ်ရင် ကုဒ်ထည့်တာနေရာမှန်သွားပါပြီ၊ ပိတ်လိုက်ပါ။
နောက်တစ်ဆင့်ကိုသွားပါမယ်။
Layout ကိုနှိပ်ပါ။

ပ်ါလာတဲ့စာမျက်နှာမှာ Add a Gadget ကိုနှိပ်ပြီး HTML/JavaScript Add တစ်ခုဖွင့်ပြီး
နံပါတ်(၂) အကွက်ထဲကကုဒ် ကိုထည့်၍ Save ပြီး
သင့်စာမျက်နှာရဲ့ ကြိုက်နှစ်သက်ရာနေရာမှာ ထားနိုင်ပါတယ်။

CSS ဆိုတာဘာလဲ ?


CSS ဆိုတာ ကတော့ Cascading Style Sheet ရဲ့ အတိုကောက်ပါ။ အလွယ်ဆုံး ရှင်းပြရရင်တော့ သူက မိတ်ကပ်လိုမျိုးပါ။ လှအောင် ပြင် ပေးတဲ့ အရာ လိုမျိုးပေါ့။ HTML သာ ရွှံ့ ဖြစ်မယ်ဆိုရင် CSS က ရွှံ့ မှာသုတ်တဲ့ဆေးပါ။ HTML ဆိုတဲ့ ရွှံ့ နဲ့ ကြိုက်တဲ့ အရာကို ပုံဖော်လိုက်ပါ။ မင်းသမီးရုပ်၊ မင်းသားရုပ် ၊ ပန်းအိုး စသည်ဖြင့်ပေါ့။ ဒါပေမဲ့ ရွှံ့ တွေနဲ့ပဲ လုပ်ထားတဲ့ အတွက် ရုပ်လုံး ပေါ်လာပေမဲ့ ကြည့်ရတာ မလှ မပနဲ့ ဖြစ်နေမှာပါ။ အဲ့ဒါကို CSS ဆိုတဲ့ သုတ်ဆေးနဲ့ လှပအောင်ပြင်ဆင်လိုက် မယ်ဆိုရင် ကြည့်ရတာ အဆင်ပြေသွားမှာပါ။ ဒါကြောင့် Web Site တစ်ခုမှာ HTML အရေးကြီးသလို CSS ကလည်း မပါလို့ မဖြစ်တဲ့ အရာပါ။


HTML ဆိုတာဘာလဲ?


HTML ဆိုတာ Hyper Text Markup Language ဖြစ်ပါတယ်။ HTML က programming language တစ်ခု မဟုတ်ပါဘူး။ သူဟာ Markup Language တစ်ခုပါ။ Markup Language ဆိုတာ ဘာကိုပြောတာလဲ။ Markup Language ဆိုတာ Markup Tags တွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါဆို Markup Tags ဆိုတာကရော။ Markup Tags ဆိုတာ ကိုယ်ရေးလိုက်တဲ့ စာသား တွေကို Web pages တွေအဖြစ် Browser မှာ ပုံဖော်ရာတွင် သုံးပါတယ်။ HTML tag တွေလို့လဲခေါ်ပါတယ်။ HTML tag တွေကို ထောင့်ကွင်း တွေရဲ့ အလယ်မှာ ရေးရပါတယ်။ < html > ဒီလိုမျိုးပါ။ Tags တွေမှာ အဖွင့်နဲ့ အပိတ်ဆိုပြီးရှိပါတယ်။ < html > …. </ html > ဒီလိုမျိုးပါ။ အဲ့ Tags တွေနဲ့ ရေးပြီး save လုပ်ထား တဲ့ file ကို HTML Document လိုခေါ်ပါတယ်။ File ကို save လုပ်ရမယ့် extension ကတော့ ( .html ) ပါ။ HTML Document ကို browser မှာခေါ်ကြည့်မယ်ဆိုရင်တော့ web page တစ်ခုအနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ www.facebook.com ကို Internet ရှိတဲ့ အချိန် Browser ကနေ့ ခေါ်လိုက်မယ် ဆိုရင် သူ့တို့ ရဲ့ Page တက်လာမယ်။ အဲ့ဒီ Page မှာ မြင်တွေ့ရတဲ့ အရာတွေကို HTML အသုံးပြုပြီး ရေးထားတာပါ။ CSS လဲပါတာပေါ့။ ဒါဆိုရင် HTML က ဘာလဲ ဆိုတာတော့ သိလောက်ပါပြီ။