အရေးကြီးဆုံးကတော့ Computer ပါ။
ဟုတ်ပါတယ် အသုံးပြုလို့ ရပြီး Windows တင်ထားတဲ့ Computer ဆို ရေးလို့ ရပါပြီ။
တကယ်တော့ HTML ရေးဖို့ အတွက် လိုအပ်တာတွေက HTML Code တွေရေးလို့ရတဲ့ Text editor
တစ်ခုနဲ့ ရေးပြီးတာတွေကို စမ်းဖို့ Browser တစ်ခု လိုအပ်ပါတယ်။ Computer မှာ
editor တစ်ခုနဲ့ Browser တစ်ခု install လုပ်ထားရပါမယ်။ ဒါတွေကို ဘယ်လို Install
လုပ်ရမလဲ။ မလုပ်တက်ဘူး။ ရတယ် ဒါလဲ ဖြစ်ပါတယ်။ စောစောက ပြောခဲ့တဲ့ အတိုင်း
အသုံးပြုလို့ ရပြီး Windows တင်ထားတဲ့ computer မှာ Notepad ဆိုတဲ့ အရမ်း
ရိုးရှင်းတဲ့ text editor ရှိပါတယ်။ Browser အတွက် ကလည်း IE လို့ခေါ်တဲ့ Internet Explorer ရှိပြီးသားပါ။
HTML with Notepad and IE
HTML ရေးတော့မယ်။ Notepad ဖွင့် ... ဘယ်မှာလဲ Notepad ???
Notepad ရဲ့ တည်နေရာကတော့ Start->All Programs ->Accessories ထဲမှာပါ။
Windows key + r နိုပ်ပြီး ပေါ်လာတဲ့ Run ထဲမှာလဲ notepad လို့ရိုက်ရှာလို့ရပါတယ်။
HTML with Notepad and IE
HTML ရေးတော့မယ်။ Notepad ဖွင့် ... ဘယ်မှာလဲ Notepad ???
Notepad ရဲ့ တည်နေရာကတော့ Start->All Programs ->Accessories ထဲမှာပါ။
Windows key + r နိုပ်ပြီး ပေါ်လာတဲ့ Run ထဲမှာလဲ notepad လို့ရိုက်ရှာလို့ရပါတယ်။
Notepad ပေါ်လာပြီဆိုရင် ၎င်းထဲမှာ HTML Code တွေကို စရေးပါမယ်။
HTML Code:
<html>
<head>
<title>This is title</title>
</head>
<body>
This is Body
</body>
</html>
ရေးပြီးရင်တော့ Notepad မှာရှိတဲ့
File->Save As.. နဲ့ save လုပ်ပါမယ်။
Save လုပ်တဲ့ နေရာမှာ ပုံထဲက အတိုင်း
File name မှာ index.html နဲ့ Save as type မှာလည်း All Files လို့ ပြောင်းပြီး
save ပါမယ်။ Save လုပ်လိုက်တဲ့ location ကိုတော့ မှတ်ထားပေါ့။ ပြီးရင် save
လုပ်ထားတဲ့ location မှာရှိတဲ့ file ကို IE ( Internet Explorer နဲ့
ဖွင့်ကြည့်မယ်။
This is title ဆိုတဲ့နေရာက
<title>This is title </title> လို့ရေးထားတာကြောင့် ပေါ်နေတာဖြစ်ပြီး
This is Body ဆိုတာကတော့ <body> This is Body </body> ကြောင့်ပေါ်နေတာ
ဖြစ်ပါတယ်။ တစ်ခုတော့ ပြောစရာရှိမှာပါ။ file name ကို ဘာလို့ index လို့
ပေးတာရတာလဲ။ ဒါကတော့ ရှင်းပြရတာ နည်းနည်းတော့ စောပါသေးတယ်။ ဒါပေမဲ့လည်း
ရှင်းပြပါမယ်။ index လို့ ဘာလို့ပေးတာလဲ ဆိုတော့ Web site တစ်ခု ကို Browser ကနေ
ခေါ်လိုက်တာ နဲ့ တက်လာတဲ့ Web page က index ပါ။ index ရယ်လို့တော့ မဟုတ်ဘူးပေါ့။
ဒါပေမဲ့ Web sever တွေက Web site မှာ ရှိတဲ့ files တွေထဲမှာ အရင်ဆုံး သွားရှာတာက
index file ပါ။ အဲ့ဒီ index မရှိရင် home၊ ပြီးတော့ default ။ တခြားဟာတွေလဲ
ရှိသေးတာပေါ့။ index ကတော့ အများဆုံး အသုံးပြုတာပါ။ ပြောရရင်တော့ Web site ရဲ့
အရင်ဆုံး အလုပ်လုပ်မယ့် file ပေါ့။






0 comments:
Post a Comment